Friday, November 29, 2013
"အမျိုးချစ်​ပါ သင်​ဒကာ"
ဘာသာတရား      ဦးညွတ်​ထားလျှက်
ရှေ့ဖျားဆရာ       မည်​ထိုက်​စွာသား
နှစ်​ပါးမိဘ           မဆုံးမက
သားနှင့်​သမီး        ​ရှေ့ခရီးမှာ
ဘာသာကင်းကွာ  လူမျိုးနာလိမ့်
ဘာသာအယူ       သတိမူကာ
ပြည်​သူတိုင်းသား  ကွယ်​မသွား​အောင်
ယဉ်​​ကျေးလိမ္မာ    သင်​တန်းသာသို့
လျင်​စွာမ​နှေး       ပို့​ဆောင်​​ပေး၍
အ​လေးပြုကာ      ​ဆောင်​ရွက်​ပါမှ
ဘာသာတိုင်းပြည်​ ​နောင်​ရှည်​တည်​လိမ့်
တိုင်းပြည်​လူမျိုး    ဂုဏ်​မညှိုးလိမ့်
အမျိုးချစ်​ပါ      သင်​ဒကာ။      ။